အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပ
အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့  နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Online ဖြင့် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျောင်ဟေခယောင်းအား လက်ခံတွေ့ဆုံ
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျောင်ဟေခယောင်းအား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD အလုံးရေ ၂၀၀၀ နေပြည်တော်သို့ရောက်ရှိ၊ ဇန်နဝါရီ ၂၇ ရက်တွင် ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးသွားမည်
အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများအား အထောက်အကူပြုစေရန် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံအခြေစိုက် Serum Institute of India (SII) ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD  ၁ ဒသမ ၅ သန်းကို ပထမအကြိမ် ကူညီထောက်ပံ့ခဲ့ရာ ဇန်နန်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။
မြို့နယ်အသီးသီး၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်က လွိုင်လင် မြို့နယ် ကျူဖိုမီးကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၂၂ ဧကခန့်၊ ညပန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၁၆ ဧကခန့်နှင့် ဗန်ဗွေကျေးရွာ၏ အရှေ့မြောက်ဘက်၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၆ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြောင်း သိရ
ကောလင်းမြို့နယ်၌ သိုလှောင်စပါးမျိုးများအား အစိုဓာတ်တိုင်းတာပေးမှု လက်တွေ့သရုပ်ပြ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ မင်းတဲကြီးရပ်ကွက် တောင်သူ ဦးဇော်လွင်၏ ဧရာမင်း စပါးမျိုး သိုလှောင်ထားရှိသည့်နေရာ၌ စပါးသီးနှံ အရည်အသွေး မကျဆင်းစေရေးနှင့် သိုလှောင်ချိန်၌ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျော့ကျစေရေးအတွက် သိုလှောင်သီးနှံ(ဧရာမင်း) စပါးမျိုးစေ့များအား သီးနှံ အစိုဓာတ်တိုင်း ကိရိယာ (Kett Moisture Tester)  Riceter fg- 512 နှင့် (Grain Moisture meter) တို့ဖြင့် အစိုဓာတ်တိုင်းတာပေးသည့် လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းကို ဇန်နဝါရီ  ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့
မကွေးတိုင်းအတွင်းရှိ ရွာပေါင်း ၁၀၅၀ ကို NEP စီမံကိန်းဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်လျက်ရှိ