ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွား လာစေ ရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီက မြို့မကျေးရွာအုပ်စု ဆိုလျားကူးကျေးရွာ၌ ဖွင့်လှစ်သည်။