ရေနံချောင်းမြို့နယ် နဂါးကျေးရွာ၌ စတီး/သံဂဟေဆက်နည်း သင်တန်းဆင်းပွဲ ကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု စတီး/သံဂဟေဆက်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် နံနက် ပိုင်းက နဂါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။








