ဝေါမြို့မဈေး၌ စားသုံးဆီအမျိုးမျိုးတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှု ရှိမရှိစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မဈေးကြီး၌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံပါဝင်ခြင်းရှိ မရှိ စစ်ဆေးခြင်းကို ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေးခဲ့ကြောင်း သိရသည်။







