စဉ့်ကိုင်မြို့နယ် သပြေရိုးကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းတစ်လမ်း၊ Boxculvert တံတား ၂ စင်း၊ မြေကာနံရံတစ်ခု တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ သပြေရိုးကျေးရွာရှိ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုး ကွင်းဆက်စီမံကိန်း (CFAVC) ရန်ပုံငွေဖြင့် .............................................
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ငလျင်ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲပြုလုပ်

ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာတွင် လျှပ်စစ်မီးရရှိ

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာခုနစ်ရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်မှ မီးဘေးသင့်ခဲ့သည့် မိသားစုများအား ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း..................................................................
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၉၆)ဦးကို ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၁၄) ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၈ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။