ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးစီမံချက်ကာလအတွင်း ရှပ်တန်းပါလှေ ၃၂ စီး ၊ လူ ၆ ဦး ဖမ်းဆီးရမိ
ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တစ်နှစ်စီမံချက်ကို စက်တင်ဘာ ၁ ရက်မှ စတင်ခဲ့ပြီး နေ့စဉ်ကင်းလှည့်လုပ်ငန်းဆောင်ရွက်ခဲ့ရာ စီမံချက် စတုတ္တမြောက်လဖြစ်သည့် ဒီဇင်ဘာလတွင် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးစက်နှင့် ရှပ်တန်းပါလှေ ၁၁ စီး ၊ ဘက်ထရီအိုး ၊ ရှော့ပုံး ၊ ရှော့ဂေါ့တံ စသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ လူ ၂ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။







