ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အအုံသစ် ဖွင့်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီက ပုသိမ်မြို့ တိုင်းဒေသကြီးလွှတ်တော် ပင်မအဆောက်အအုံသစ် ဝင်းအတွင်း၌ ကျင်းပ
ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အနီးဝန်းကျင်ရှိ ဈေးဆိုင်များကို ရက်သတ္တ(၁)ပတ် ယာယီ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား Mobile market ကားများဖြင့် လိုက်လံရောင်းချ
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေး တို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ ယနေ့နံနက် ၇ နာရီမှ စတင်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁၁၀)ရပ်ကွက်ရှိ ဧကရာဇ်လမ်းနှင့် ချယ်ရီလမ်းများတွင် Mobile market ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့
ဥပြန်စိုက်ကြက်သွန်နီခေါ် ဇော်မွှားကြက်သွန်စိုက်ပျိုးတောင်သူများ တစ်ပိဿာ ကျပ် ၄၅၀ ရောင်းချနေရ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဥပြန်စိုက်ကြက်သွန်နီ ခေါ် ဇော်မွှားကြက်သွန်နီ စိုက်ပျိုးတောင်သူများ တူးဖော်ရောင်းချချိန် ကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၄၅၀ ဖြင့် ရောင်းချ နေရကြောင်း ညောင်ဦးမြို့နယ် ကြအိုကျေးရွာ ဥပြန်ကြက်သွန်နီစိုက်တောင်သူ ဦးမောင်ဌေးထံက သိရ