နှစ်သစ်ကူးကာလ၌ တရုတ်နိုင်ငံ၊ ရွှေလီ-ကျယ်ဂေါင်ကြားရှိ အကောက်ခွန်ဌာနကို (၃)ရက် ယာယီပိတ်ထား
(၂၀၂၁)ပြည့်နှစ်၊ နှစ်သစ်ကူးကာလ၌ တရုတ်နိုင်ငံ၊ ရွှေလီ-ကျယ်ဂေါင်ကြားရှိ အကောက်ခွန်ဌာနကို ဇန်နဝါရီလ(၁)ရက်နေ့မှ (၃)ရက်နေ့အထိ တရုတ်နိုင်ငံဘက်မှ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရပြီး ယာယီ ပိတ်ထားသော (၃)ရက်ကာလတွင် ရွှေလီမြို့သို့ တင်ပို့မည့် ပုပ်သိုးကုန်မဟုတ်သည့် အခြားကုန်ခြောက်ပစ္စည်း တင်ပို့မှုကိုလည်း ယာယီပိတ်ထားကြောင်း သိရ
ကျောက်ထုမြို့ဒေသတွင် ရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသတွင် ယခုအချိန်၌ ချောင်းရေများ လျော့နည်းနေချိန် ရေများကို ဟွန်တာရေစုတ်စက်ဖြင့် ရေတင်ပြီး နှုန်းတင်မြေနုများ ဖော်ထုတ်လျက် ဆောင်းရာသီကာလတွင် ဆောင်းနေကြာရေဆင်း(၁) စပ်မျိုးနေကြာ စိုက်ပျိုးဖြစ်ထွန်းလျက် ရှိကြကြောင်း သိရသည်။
ရွှေဘိုငါးလုပ်ငန်းစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာပေးရှင်းလင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်သန်းဦးမှ ရွှေဘိုငါးလုပ်ငန်းစခန်းသို့ ယမန်နေ့ကရောက်ရှိပြီး စခန်းရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ပညာပေး ရှင်းလင်းပြောကြားခဲ့