ကျောင်းဆောင်သစ်တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာကျင်းပ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ရွှေစက်)တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀ ကျော်ဖြင့် တည်ဆောက်မည့် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း၌   ကျင်းပသည်။
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ မီးဘေးသင့်မိသားစုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့၌ ဒီဇင်ဘာ ၂၀ ရက်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင် သွားသည့် မီးဘေးသင့်အိမ်ထောင်စုတစ်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို
စစ်ကိုင်းတိုင်းဒေသကြီး၌ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ဝယ်ယူဖြည့်တင်းရန် ငွေကျပ် သန်းနှစ်ထောင်ကျော် အသုံးပြုသွားမည်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မီးဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သောပစ္စည်းများကို ဝယ်ယူနိုင်ရေး ငွေကျပ် ၂၁၆၄ ဒသမ ၄ သန်းကို လျာထားသုံးစွဲသွားမည်ဖြစ်ကြောင်း
နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ရှင်းလင်းဆွေးနွေး
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(National  Case  Management Program -  NCMP) ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။
ခင်ဦးမြို့ ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကယ်ရေး ပညာပေးလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်ခင်ချိုမော်နှင့် မြို့ပေါ်ရှိ သားဖွားဆရာမများက
သန်လျင်မြို့ ပဲခူးစုရပ်ကွက် မြူခဝါရုံကန်(ကျွဲလူးအိုင်)အား ပြည်သူများအပန်းဖြေနေရာအဖြစ် ပြင်ဆင်
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပဲခူးစုရပ်ကွက်ရှိ မြူခဝါရုံကန်(ကျွဲလူးအိုင်)အား ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် စက်ယန္တရားကြီးများဖြင့် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း
(၇၃)နှစ်မြောက် လွတ်လပ်ရေးအခမ်းအနား   မန္တလေးမြို့  ဗထူးအားကစားကွင်း၌ ကျင်းပမည်
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မန္တလေးမြို့ ဗထူးအားကစားကွင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  Zoom Meeting  ဖြင့်  ကျင်းပ