နောင်ချိုမြို့နယ်ရှိ အင်းမ-ဘန့်ဘွေးကျင်း ရေတံခွန်သွားလမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်နေသည့် အင်းမ-ဘန့်ဘွေးကျင်း ရေတံခွန်သွား မြေသားလမ်းဖောက်လုပ်နေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထက်၊ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း ............................................................................................
အစားအစာ ဘေးကင်းလုံခြုံရေးစီမံကိန်းဖြင့် စိုက်ပျိုးသော စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးပြီး သဘာဝပိုးသတ်ဆေး ပြုလုပ်နည်းများ ပြသ
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာအုပ်စု မြောင်းသစ်ကျေးရွာတွင် အစားအစာ ဘေးကင်းလုံခြုံရေးစီမံကိန်း (Food Safety Project) ဖြင့် သီးနှံများစိုက်ပျိုးနေသော တောင်သူများထံသို့ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးပြီး သဘာဝပိုးသတ်ဆေး ပြုလုပ်နည်းများ ပြသခဲ့သည်။
ဖယ်ခုံမြို့နယ်၌ ဘိန်းအစားထိုး သီးနှံမျိုးစေ့နှင့် မြေသြဇာ ထောက်ပံ့ပေးအပ်

 (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီးရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်မည်
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီရှူးမီးပန်း ဂုဏ်ပြုပစ်ဖောက်မည့် အစီအစဉ်အား အများပြည်သူများ ကြိုတင်သိရှိနိုင်ရန် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
မယ်စဲ့မြို့နယ်တွင် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၇ ရက်က နမ့်မန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင်းလမ်းများ မြို့တော်အင်္ဂါရပ်နှင့်အညီ အပွန်းခံလွှာနိုင်လွန်ကတ္တရာခင်း