ကြို့ပင်ကောက်မြို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား နေအိမ် ၆၀ဝ ကျော်ပျက်စီး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေလ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန်က (၄)ကြိမ်မြောက် လေပြင်းတိုက်ခတ်မှုဖြစ်ပွား၍ ရပ်ကွက် (၂)ခု၊ ကျေးရွာအုပ်စု  ၂၀ မှ ပြိုလဲအိမ် (၆၂)လုံး၊ နေအိမ် (၅၇၃)လုံး၊ ဆေးပေးခန်း ၁ ခု၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၆၃၅)စုမှ လေဘေးသင့်ပြည်သူ(၂၁၉၉)ဦး လေးဘေးဒုက္ခခံစားနေရကြောင်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ငမြှောင်တောင် ဖျက်ပိုးကာကွယ်နှိမ်နင်းရေး၊ မြေအသုံးချမှု၊ မျိုးစေ့သိုလှောင်ရေးနှင့် ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ရိခေါ်ဒါရ်၌ ကျင်းပ
ချင်းပြည်နယ်၊ ဖလမ်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ငမြှောင်တောင် ဖျက်ပိုးကာကွယ် နှိမ်နင်းရေး၊ မြေအသုံးချမှု၊ မျိုးစေ့သိုလှောင်ရေးနှင့် ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေး ပွဲကို မေ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းဘူးမြို့ ၊ ဆိုလာစက်ရုံမှ လျှပ်စစ်မဂ္ဂါဝပ် ၄၀ ကို နိုင်ငံတော်ဓါတ်အားပေးစနစ်ထဲသို့ ပေါင်းထည့်နိုင်တော့မည်
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၏ အနောက်တောင်ဘက် (၁၆.၃)မိုင်ခန့်အကွာ မင်းဘူး- အမ်း ကားလမ်းဘေး၌ တည်ရှိသော မြန်မာနိုင်ငံ၏ ပထမဆုံး ဆိုလာဓါတ်အားပေးစက်ရုံမှ လျှပ်စစ်မဂ္ဂါဝပ်(၄၀)ကို မဟာဓါတ်အားလိုင်းဟု ခေါ် သည့် နိုင်ငံတော်ဓါတ်အားပေးစနစ်ထဲသို့ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲတွင် အပြည့်အဝ ပေါင်းထည့်နိုင်တော့မည်ဖြစ်ကြောင်း  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
လေယာဉ်မောင်းလိုင်စင်ကို အသက်အပိုင်းအခြားအလိုက်စစ်ဆေးခံကာ ပြန်လျှောက်ထားရသည့်စနစ်ဖြင့် ဆောင်ရွက်ပေးနေ

စီးတီးတက္ကစီ မှတ်ပုံတင်ရန် ပျက်ကွက်သည့် အငှားယာဉ် ငါးထောင်ကျော်အား မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသွားမည်