ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမား ၃ သန်းနီးပါး အိမ်ပြန်ရန် အခက်အခဲဖြစ်နေကြောင်း ကုလသမဂ္ဂထုတ်ပြန်
ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်ပင်ထားရာ ရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၇၅ သန်းကျော်ဟာ အိမ်ပြန်ရန် ခက်ခဲနေကြောင်း ကုလသမဂ္ဂက ဒီနေ့ (သောကြာနေ့) မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။







