ဘိုးအင်း 737 MAX လေယာဉ်ထုတ်လုပ်မှု ဇန်နဝါရီတွင် ရပ်ဆိုင်းမည်

737 MAX ခရီးသည်တင်ဂျက်လေယာဉ် ထုတ်လုပ်မှု ဇန်နဝါရီလ ရပ်ဆိုင်းတော့မည်ဟု ဘိုးအင်း ကုမ္ပဏီက ဆိုသည်။
အစ္စရေး သင်္ဘောကို ဆိုက်ပရပ်စ်ရေပိုင်နက်ထဲမှ ထွက်သွားရန် တူရကီရေတပ်ဖွဲ့ အမိန့်ပေး
သဘာဝသယံဇာတတူးဖော်မှုနှင့်ပတ်သက်၍ မြေထဲပင်လယ်ဒေသအတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ဆိုက်ပရပ်စ်ရေပိုင်နက်ထဲသို့ ဝင်ရောက်လာသည့် အစ္စရေး သင်္ဘောတစ်စင်းကို တူရကီ ရေတပ်ဖွဲ့က ကြားဖြတ်ဟန့်တား မှုပြုလုပ်ခဲ့ကြောင်
အာဆင်နယ်ဘောလုံးသမား အိုဇေးဟာ သတင်းအမှားတွေရဲ့ ထောင်ချောက်မှာ မိနေတယ်လို့ တရုတ်ပြောဆို
အာဆင်နယ်ဘောလုံးသမား အိုဇေးဟာ တရုတ်နိုင်ငံ ရှန်ကျင်းပြည်နယ်ထဲက  ဝီဂါ လူနည်းစုတွေအပေါ် အစိုးရရဲ့ဖိနှိပ်မှုကို ဆန့်ကျင်ကြောင်
အာဖဂန်နစ္စတန်တောင်ပိုင်းရှိ တာလီဘန်တို့ပုန်းအောင်းရာနေရာကို အာဖဂန်လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း 
အာဖဂန်နစ္စတန်တောင်ပိုင်း၊ အာယူဂန်ပြည်နယ် ရှာဟီဒီ ဟာဆတ်ခရိုင်ရှိ  တာလီဘန်စစ်သွေးကြွများ ပုန်းအောင်းရာနေရာကို လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ကြသည်။
ဗြိတိန်ရွေးကောက်ပွဲအပြီး ဘရက်ဆစ်အတွက် ဂျွန်ဆင် စတင်ပြီ
ဗြိတိန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူ့အစိုးရသစ်ကို ဒီကနေ့ ကြေညာမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၂ရက်ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ် ပါတီရဲ့ get Brexit done ဘရက်ဆစ်ကို ပြီးပြတ်အောင်လုပ်မယ်ဆိုတဲ့ ကတိပေးမှုကြောင့် အပြတ်အသတ် အနိုင်ရရှိလာခြင်း ဖြစ်ပါတယ်။ 
မီးတောင်ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေအတွက် အောက်မေ့ခြင်းအခမ်းအနားပြုလုပ်
နယူးဇီလန်နိုင်ငံရှိ White Island မီးတောင်ပေါက်ကွဲမှုအတွင်းမှာ ကမ္ဘာ့လှည့်ခရီးသည် ၁၆ ဦးနဲ့ ဒေသခံလမ်းပြနှစ်ဦးတို့အပါအဝင် ၁၈ ဦးသေဆုံးခဲ့ပါတယ်။ မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ အနည်းဆုံး ၁၇ ဦးဟာ ဆေးကုသခံယူနေရဆဲဖြစ်ပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်က မီးတောင်ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေအတွက် ဒီကနေ့ (တနင်္လာနေ့) မှာ တစ်မိနစ်ငြိမ်သက်ပြီး အောက်မေ့ခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ 
အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ အဝေးပြေးလမ်းမများတွင် တောဝက်ရိုင်းများ ဖြတ်သန်းသွားလာနေ
အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ရှိ လမ်းဘေး မြက်ခင်းပြင်ကို အမြစ်ပါမကျန် နုတ်သည့် တောဝက်ရိုင်းအုပ်စု တစ်စုအနား အမျိုးသားတစ်ဦး ချဉ်းကပ်ကာ မောင်းထုတ်ခဲ့သော်လည်း ထိုလူ ပြန်လှည့်သွားပြီးနောက် ယင်းတောဝက်ရိုင်းအုပ်စုသည် ပြန်လည် လှုပ်ရှားသွားလာခဲ့ကြသည်။