လစ်ဗျားနိုင်ငံ ထရီပိုလီတောင်ပိုင်း လေကြောင်း တိုက်ခိုက်မှုဖြစ်ပွား ခုနစ်ဦးသေဆုံး
လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီတောင်ပိုင်းရှိ စက်ရုံတစ်ရုံကို လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် ယမန်နေ့က ခုနစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးဘက်ဆိုင်ရာဌာန ပြောကြားချက်အရ သိရသည်။







