မွန်ဂိုလီးယားနိုင်ငံ၌ ယခုနှစ်အတွင်းဖြစ်ပွားသော သဘာဝဘေးများကြောင့် မွေးမြူရေးတိရစ္ဆာကောင်ရေ ၃ ဒသမ ၆ သန်းသေဆုံး

မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် မွေးမြူရေးတိရစ္ဆာန်ကောင်ရေ စုစုပေါင်း ၃ ဒသမ ၆ သန်း သေဆုံးကြောင်း ဖော်ပြထားသည်။
ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုတို့ကြောင့် ခုနစ်ဦးသေဆုံး၊ လူပေါင်း ၇၀ ကျော်ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးနှင့်ဆက်နွှယ်သည့်ဖြစ်ရပ်များကြောင့် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၇၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ 
အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာမှုန်များ ၁ ဒသမ ၅ ကီလိုမီတာအမြင့်အထိ လွင့်စင်
အင်ဒိုနီးရှားနိုင်ငံ၏ အေနက်ကရာကာတော့မီးတောင်သည် ဇွန်လ ၁၉ ရက်က ပေါက်ကွဲခဲ့ပြီး ပြာမှုန်များ အမြင့် ၁.၅ ကီလိုမီတာအထိ လွင့်စင်သွားခဲ့ကြောင်း မီးတောင်နှင့် ဘူမိဗေဒဆိုင်ရာ အန္တရာယ်လျော့ပါးရေးဗဟိုဌာနမှ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံတောင်ပိုင်း၌  အပူချိန်မြင့်တက်မှု ရက်ပေါင်းများစွာကြာနိုင်ဖွယ်ရှိ
ယခုသီတင်းပတ်အတွင်း အပူချိန်အလွန်မြင့်မားဖွယ်ရှိသည်ဟု ထိုအဖွဲ့၏ယမန်နေ့ကနောက်ဆုံးခန့်မှန်းပြောဆိုချက်အရ သိရသည်။ 
သီရိလင်္ကာနိုင်ငံ၌ ယခုနှစ်အတွင်းဖြစ်ပွားသော ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၁၀၄၃ ဦး သေဆုံး
သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် လက်ရှိအချိန်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုပေါင်း ၈၈၇၅ ခုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၄၃ ဦး သေဆုံးခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး လာဆန်တာ အလာဂျီရဝမ်နာက ယမန်နေ့က ပြောကြားသည်။
နီပေါနိုင်ငံအရှေ့ပိုင်း၌ ရေကြီးရေလျှံမှုကြောင့် တစ်ဦးသေဆုံး၊ ၁၇ ဦးပျောက်ဆုံး
နီပေါနိုင်ငံအရှေ့ပိုင်း ဆန်ခူဝါဆာဟာခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ တစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ယမန်နေ့က ပြောကြားသည်။
ဂျပန်နိုင်ငံ၌ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းနှစ်ဦးအပါအဝင် ငါးဦးသေဆုံး
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုခရိုင်တွင် မြို့တွင်းပြေးဆွဲသောခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင်ကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိမှုကြောင့် လူငါးဦးသေဆုံးခဲ့သည်။