ဘရာဇီးနိုင်ငံ၌ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာ

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာပြီး လေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံ၏အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ယမန်နေ့က ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ အပူချိန်မြင့်မားမှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးရှိလာ
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်နှင့် ဘီဟာပြည်နယ်တို့တွင် အပူချိန်မြင့်မားမှုကြောင့် လွန်ခဲ့သောသုံးရက်အတွင်း သေဆံဒးသူ ၉၈ ဦးအထိ မြင့်တက်လာကြောင်း ဒေသတွင်းတာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။
အမေရိကန်နိုင်ငံတောင်ပိုင်း၌ လူ ၃၅ သန်းနီးပါး အပူလှိုင်းနှင့်ရင်ဆိုင်နေရ
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဖလော်ရီဒါ အရှေ့တောင်ပိုင်းတွင်  လူ ၃၅ သန်းနီးပါးသည် ရက်ပေါင်းများစွာကြာမြင့်မည့် အပူလှိုင်းနှင့်ရင်ဆိုင်ရမည်ဟု  အမေရိကန်အမျိုးသားရာသီဉတုဝန်ဆောင်မှုဌာနက ယမန်နေ့က ခန့်မှန်းပြောကြားထားသည်။
အမေရိကန်နိုင်ငံ၌ လေဆင်နှာမောင်းများတိုက်ခတ်မှုကြောင့် သုံးဦးသေဆုံး၊ လူအများအပြားဒဏ်ရာရ
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ပယ်ရီတန်မြို့ငယ်လေးတွင် လေဆင်နှာမောင်းအများအပြား တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သုံးဦးထက်မနည်းသေဆုံးပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ယာဉ်ရှစ်စီး ဆင့်တိုက်မှုဖြစ်ပွားသဖြင့်  လူ ၃၀ နီးပါး ဒဏ်ရာရ
တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်း ဂန်ဝန်ပြည်နယ်တွင် ယာဉ်ရှစ်စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သဖြင့် လူ ၃၀ နီးပါးဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ ဆိုင်ကလုန်းမုန်တိုင်း ဘိုင်ပါဂျွိုင်း ဝင်ရောက်တိုက်ခတ်
အိန္ဒိယနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းပြည်နယ် ဂူဂျာရတ်တွင် ယမန်နေ့ညနေပိုင်းက အားပြင်းသော ဆိုင်ကလုန်းမုန်တိုင်း ဘိုင်ပါဂျွိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ခြောက်ဦးထက်မနည်းသေဆုံးပြီး အခြားရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရုပ်သံချန်နယ်တစ်ခု ယနေ့ဖော်ပြသွားသည်။