ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ လက်နက်ကိုင်အုပ်စု၏ ချုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် လက်နက်ကိုင်အုပ်စုတစ်စုက ရဲကားတစ်စီးအား ချုံခိုတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားသည်။



