မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၁၇ ဦး ထပ်မံတွေ့ရှိ
မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၁၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၄၄၈၃၂၉၅ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။






