မြင်းခြံမြို့တွင် ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ နေအိမ် (၅)လုံး မီးလောင်ဆုံးရှုံး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်၌ ကလေးငယ်များ ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ နေအိမ် (၅)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း (၁၀၅)ဝိုင်းဖြင့် သင်ကြားပို့ချပေးလျက်ရှိ
ကရင်ပြည်နယ် ဘားအံမြို့တွင် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်း၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့တွင် စာသင်ဝိုင်း(၁၀၅)ဝိုင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
ညနေပိုင်းရွှေဈေး

ဧပြီလ၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်များ

အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
နေ့စဉ်မြစ်ရေခန့်မှန်းချက်များ