စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့နယ်၊ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပင ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းမှ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ အားဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Powerf Point ဖြင့် ရှင်းလင်းတင်ပြသည်။