ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနက်တွင်း တူးဖေါ်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ညှိနှိုင်းတောင်းဆိုလာမှုအရ ဇွန်လမှစတင်၍ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း၏ ပေနက်တွင်း တူးစက် အကူအညီရယူကာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြပ်မတ်ဆောင်ရွက်မှုဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေရှားပါးသောကျေးရွာ (၆)ရွာအတွက် ရေနက်တွင်း တူးဖော်ခြင်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။







