ဖာပွန်မြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယမန်နေ့ ညနေပိုင်းက ဖာပွန်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။







