(၂၃)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲများ အစည်းအဝေး(DGICM)နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံလူဝင်မှုကြီး ကြပ်ရေး ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာအကြီးအကဲ များအစည်းအဝေး (DGICM)နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉)နာရီက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။      
ဂုတ်တွင်းတံတား ယာယီဘေလီ တံတားပေါ်တွင် အိမ်စီးကားငယ်များ စတင်ဖြတ်သန်းခွင့်ပြု
ဂုတ်တွင်းတံတား ယာယီဘေလီ တံတားပေါ်မှ ယနေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာ အိမ်စီးကားငယ်များကို စတင်ဖြတ်သန်း ခွင့်ပြုနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  သိရသည်။ 
မင်းလှမြို့နယ် မြေခြားကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် မြေသားမိုးရေလှောင်ကန်တူးဖော်ပေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြေခြားကျေးရွာ၌ သောက်သုံးရေရှားပါးမှု မရှိစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် မြေသား မိုးရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ထံမှ သိရသည်။ 
မန္တလေးလူငယ်သင်တန်းကျောင်းသို့ ဆောက်လုပ်လှူဒါန်းသော ရေနှင့်သန့်ရှင်းရေးဆိုင်ရာလုပ်ငန်းများ ပြီးစီး၍ လွှဲပြောင်းပေးအပ် 
LATTER-DAY SAINT CHARITIES (LDSC)နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း(CDA)မှ မန္တလေး လူငယ် သင်တန်းကျောင်းသို့ ဆောက်လုပ်လှူဒါန်းသော ရေနှင့်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ ပြီးစီး၍ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ် ၁၂ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ မန္တလေးလူငယ်သင်တန်းကျောင်းတွင် ကျင်းပသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်  တာဝန်ထမ်းဆောင်မည့် ဦးမျိုးသန့်ဖေနှင့် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် ဦးမြင့်သူတို့အား လမ်းညွှန်မှာကြား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် ဦးမျိုးသန့်ဖေနှင့် ------------
မွန်းလွဲပိုင်း မြစ်ရေအခြေအနေများ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို အောက်ပါအတိုင်း ဖော်ပြထားသည်။
သံတောင်ကြီးမြို့နယ်တွင် မိခင်နို့စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် မြို့နယ်အဆင့် မိခင်နို့ စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။