မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် ရေနံလုပ်ကွက်များ ဆောင်ရွက်ပါက အရေးယူသွားမည်
မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် ရေနံလုပ်ကွက်များကို ခွင့်ပြုပေးထားခြင်း မရှိဘဲ ဆောင်ရွက်နေသည်ကို တွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ဇော်ထံမှ သိရသည်။








