ဂန့်ဂေါမြို့တွင် စားသုံးသူများ ဘေးကင်းလုံခြုံရေး အသိပညာပေးဟောပြော
ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက် ၁၀ နာရီတွင် ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူများ ဘေးကင်းလုံခြုံရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ရပ်ကွက်နေပြည်သူ ၁၀ဝ ကျော် တက်ရောက်သည်။








