ဝါးထိုးမိသည့် လူနာအားခွဲစိတ်ကုသစဉ် ဒဏ်ရာတွင် ကျည်စနှင့် ခဲသီးတွေ့ရှိရာမှ တူမီးသေနတ် ထိမှန်ခြင်းဖြစ်ကြောင်း ပေါ်ပေါက်
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဆေးရုံကြီးတွင် ဝါးထိုးမိပြီး လက်တွင် ဒဏ်ရာရရှိသည်ဆိုသည့် လူနာအား ခွဲစိတ်ကုသရာမှ ကျည်စနှင့်ခဲသီးများ တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ စစ်ဆေးရာ တူမီးသေနတ်ထိမှန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။







