မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ကစားသမားများလျှော့ချပြီး ၃၀ ဦးဖြင့် လေ့ကျင့်ပြင်ဆင်

၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ကစားသမားများလျှော့ချပြီး ပဏာမကစားသမား ၃၀ ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ 
တန်ပိုယာဉ်မောင်းနှင်မှုကြောင့် ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တည် သွားလမ်းပေါ်ရှိ တံတားတစ်စင်း ခါးကျိုးကျမှုဖြစ်ပွား
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တည်လမ်းပိုင်း၌ သြဂုတ် ၈ ရက် မွန်းလွဲပိုင်းက တန်ပိုယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်မှုကြောင့် တံတားအမှတ် (၆/၅၆) မှာ တံတား၏ သုံးပုံနှစ်ပုံခန့် နိမ့်ဆင်းကျိုးကျသွားခဲ့ကြောင်း  ထိန်မင်း လမ်းဖောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူး ပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒသမနေ့ အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို အောက်တိုဘာလတွင် မြိတ်မြို့၌ ကျင်းပမည်
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးကဏ္ဍတစ်ရပ်အဖြစ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာလ၌ မြိတ်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 
ဒလမြို့နယ် အောင်ဇေယျဈေးရှေ့ရှိ စည်းကမ်းမဲ့ရောင်းချသော ဈေးသည်များနှင့် ယာဉ်ပိုင်ရှင်များကို အသိပညာပေးဖယ်ရှား 
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗညားဒလရပ်ကွက် အောင်ဇေယျဈေးအရှေ့ရှိ ကနောင်လမ်းမကြီးပေါ်တွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးသည်များ၊ ရပ်နားထားသော မော်တော်ယာဉ်၊ ဆိုင်ကယ်၊ ဆိုက်ကားများကို ယနေ့ နံနက် ၈ နာရီက  မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန အောင်ဇေယျဈေး တာဝန်ခံအဖွဲ့နှင့် မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဖယ်ရှား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများအား ဆန်နှင့်စားရိက္ခာများ သွားရောက်ထောက်ပံ့
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိနေကာ---------
ရန်ကုန်မြို့ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်သည့် စနစ် စမ်းသပ်ကျင့်သုံးမည်
ရန်ကုန်မြို့ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်သည့်စနစ် စမ်းသပ် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။