နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကျင်းပ 

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။
ရေကြည်မြို့နယ် ပုသိမ်-မုံရွာ ကားလမ်းမပေါ်တွင် (၆) ဘီးယာဉ် (၂) စီးတိုက်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ခိုတောင်ကျေးရွာအုပ်စု ငှက်သိုက်ကျေးရွာအနီး ပုသိမ်-မုံရွာ ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲနွယ်ကုန်းမြို့၌ ၁၂ ဘီးယာဉ်မှ ဆိုင်ကယ်အားတိုက်ပြီး မောင်းပြေးစဉ် ယာဉ်ငယ်တစ်စီးအား ထပ်မံဝင်ရောက်တိုက်မိ ဆိုင်ကယ်မောင်းသူ သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၅/၄ နှင့် ၅ အကြား ပဲနွယ်ကုန်းမြို့ ကမ္ဘောဇရပ်ကွက်၌ သြဂုတ် ၈ ရက် ညနေ ၄ နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
အုတ်တွင်းမြို့နယ်ဆေးရုံအတွင်း ရေဝင်ရောက်မှုကြောင့် လူနာများမကြာခဏရွှေ့ပြောင်းနေရ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသည် ပဲခူးလမ်းတောင်ပိုင်း ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်း၏ ------
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်နှင့် မြင်းခြံခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ --------
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ နောင်တရားမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆွေးနွေး
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များသည် ရှမ်းပြည် နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများဆွေးနွေးသည်။
ကလိန်အောင်မြို့၌ "သက်ငယ်မုဒိမ်းပပျောက်ရေး ပူးပေါင်းကာကွယ်တားဆီးပေး" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ “သက်ငယ်မုဒိမ်းပပျောက်ရေး ပူးပေါင်းကာကွယ်တားဆီးပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပ ခဲ့သည်။