ဝါးခယ်မမြို့နယ်တွင် မူလတောင်သူ ၁၈ ဦးသို့ လျော်ကြေးငွေကျပ် ၁၀၃,၃၄၀,ဝ၀ဝ ‌ပေးအပ်

ယနေ့ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းအုပ်စုရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မြေယာလျော်ကြေး၊ နစ်နာကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ -----------
ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်ပေးနေမှုများဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝနကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်ပေးနေမှုများဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ----------
ဟိုပင်၌ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့  
ရွှေအင်းသူဖောင်ဒေးရှင်း၏ ကျောင်းသုံးပစ္စည်းများနှင့် ကျောင်းဝတ်စုံများ  ၁၇ ကြိမ်မြောက် ထောက်ပံ့ခြင်းကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၊ အ.လ.က.ခွဲ (၁)   နန့်ရင်းကျေးရွာ၌ ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။ 
ဗန်းမောက်မြို့ပေါ်မှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ခိုးယူသူအား ဖမ်းမိ 
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် အောင်သာကုန်းကျေးရွာအတွင်းမှ ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ခိုးယူသူအား ဖမ်းမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဒေသအများအပြားတွင် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ----------
မိုင်းပန်မြို့တွင် ချယ်ရီပင် ၁၅၀ဝ စုပေါင်းစိုက်ပျိုးပွဲကျင်းပ
မိုင်းပန်မြို့နယ် အရှေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်လုံကျေးရွာ၊ ကုန်းပင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တည်ထားလျက်ရှိသော ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော်မြတ်ပုံတူ အနီးတွင် ချယ်ရီပင် ၁၅ဝဝစုပေါင်းစိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ အချိန်၌ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဂွမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး သဘာဝဘေးကြောင့် ပျက်စီးမှုများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် -----------