ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန် ကယ်ဆယ်ရေး စခန်း (၂၈) ခုဖွင့်လှစ်ထား
မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်သည် ၁၀၂၂ စင်တီမီတာရှိရာ ယနေ့နံနက် ၉ နာရီခွဲတိုင်းထွာချက်အရ ၁၀၃၅ စင်တီမီတာသို့ ရောက်ရှိလာပြီး စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။ သြဂုတ် ၅ ရက်ကစပြီး ကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်ခဲ့ရာ သြဂုတ် ၆ ရက် ညနေ ၅ နာရီတွင် ကယ်ဆယ်ရေး စခန်း ၂၈ ခုထိ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။







