ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လူငယ်အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့အား တွေ့ဆုံ
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပသော (၁၁)ကြိမ် မြောက်လူငယ်ရေးရာဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇)ကြိမ်မြောက် လူငယ်ရေးရာဆိုင်ရာအာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ရန် လာအိုနိုင်ငံ၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လူငယ်အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းတွင် လာအို ပလာဇာဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။








