ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်း ပြည်ပဧည့်သည်များ နားနေဆောင် ပြုပြင်မွမ်းမံလှူဒါန်းလွှဲအပ်ပွဲ ကျင်းပ

Mitsubishi Corporation က ပြုပြင်မွမ်းမံလှူဒါန်းသော ရွှေတိဂုံစေတီတော် အနောက်ဖက်စောင်းတန်း ပြည်ပဧည့်သည်များ နားနေဆောင် လှူဒါန်းလွှဲအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါ နားနေဆောင်၌ ကျင်းပသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၃ ဇူလိုင် 

အပူပိုင်းမုန်တိုင်း “မန်” (Mun) ယနေ့ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ အထက်ပိုင်းဒေသများသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့သော(၂၄)နာရီအတွင်းက-------
ဝိုင်းမော်မြို့နယ်၌ တစ်သျှူးငှက်ပျောခြံ ဆေးဖျန်း အလုပ်သမားငါးဦး ပိုးသတ်ဆေးကြောင့် မူးဝေအော့အန်သဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌ ဇူလိုင် ၁ ရက်က တစ်သျူးငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေသည့် ဆေးဖျန်းအလုပ်သမားငါးဦး ပိုးသတ်ဆေးကြောင့် မူးဝေအော့အန်ကာ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
မင်းလှမြို့နယ် အရှိုချင်းတိုင်းရင်းသားကျေးရွာ နှစ်ရွာတွင် သောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက်သွားမည်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားများ နေထိုင်လျှက်ရှိသော ချောင်းခွကျေးရွာနှင့် ဒေါင်းဘုတ်ကျေးရွာတို့၌ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေများဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြိတ်မြို့ အင်္ဂမော်ကျေးရွာတွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အင်္ဂမော်ကျေးရွာ ဆင်ဝင်ရပ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို အမျိုးသမီးရေးရာအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက  ကျင်းပခဲ့သည်။
ကွန်တိန်နာကား လမ်းချော် တိမ်းမှောက်စဉ် လူတစ်ဦးကားပိ၍ သေဆုံး
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရန်ကုန်-ပြည်ကားလမ်း သာယာကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၁၁၉/၁ နှင့် ၁၁၉/၂ အကြား ယာဉ်မတော်တဆမှုခဏခဏဖြစ်တတ်သောနေရာတွင် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ယာဉ်မောင်း ကိုနိုင်လင်းထွန်း ၂၂ နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 9p/---- MISUBISH FUSO CANTER FE84D VAN အမျိုးအစား ကွန်တိန်နာကား လမ်းချော်ကာ ယနေ့နံနက် ၇ နာရီခွဲ ခန့်က တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။