တတိယအကြိမ် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဘားအံမြို့တွင် ကျင်းပ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၉ ခုနှစ် တတိယအကြိမ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မေ ၁၇ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ အောင်သံလွင် အားကစားကွင်း၌ ကျင်းပခဲ့သည်။





