ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ
သထုံခရိုင် ပေါင်မြို့နယ် ကျခတ်ငူကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းက မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာမှ အသက် ၂၀ အရွယ်တစ်ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။







