မင်းတုန်းမင်းနှင့် ဗုဒ္ဓဂယာဇရပ်တော်

မိဘကျေးဇူးဆပ်ခြင်းနှင့် မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့  

နိုင်ငံသူ နိုင်ငံသားနှင့် နိုင်ငံရေး

တပေါင်းလပြည့်နေ့၏ ဓမ္မရေစီးကြောင်း

လာမည့်ရက်များအတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးဆက်လက် ထစ်ချုန်းရွာနိုင်

နေပြည်တော် ၁၉ မတ်

နိုင်ငံတကာအားကစားပွဲများတွင် ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
(၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲ၊ (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား အားကစားသမားများနှင့် ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ရိပ်သာ ခန်းမဆောင်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။