မော်လမြိုင်ကျွန်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားမည်
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ ပူးပေါင်းစီစဉ်သော နွေရာသီအားကစား သင်တန်းများဖြစ်သည့် ဘောလုံးအခြေခံသင်တန်း၊ ကရာတေးဒို၊ Myanmar Fit-ness Dance သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။







