မတ် ၁၈ ရက်က မုံရွာမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်အပါအဝင် ယခုနှစ်အတွင်း မြေငလျင် ၃၂ ကြိမ်အထိ လှုပ်ခတ်ခဲ့

မြန်မာနိုင်ငံအတွင်း မုံရွာမြို့၏ အနောက်-အနောက်တောင်ဘက် (၄၅)မိုင်ခန့်အကွာ ဗဟိုချက်၊ အနက် (၇၂)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ချ်)တာစကေး (၅ ဒသမ ၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု မတ် (၁၈)ရက်  ညပိုင်းက လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခု၌ ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ပွဲများ ကျင်းပပြုလုပ်သွားမည် 
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုသို့ ထာဝရငြိမ်းချမ်းရေးစေတီတော်၌ ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ဒေသစာရီခရီးကြွရောက် အပူဇော်ခံပြီး ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ပွဲများ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Kevin Chang နှင့် UNDP ၏ စီမံကိန်းကိုယ်စားလှယ် ဒေါ်နွေးနွေးလွင်တို့အား တွေ့ဆုံ
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Kevin Chang နှင့် UNDP ၏ စီမံကိန်းကိုယ်စားလှယ် ဒေါ်နွေးနွေးလွင်တို့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-2) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏  (၁/၂၀၁၉) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လွှတ်တော်အဆောက်အဦများတွင် လျှပ်စစ်ပိုင်းဆိုင်ရာ စနစ်တကျရှိစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
လွှတ်တော်အဆောက်အဦများတွင် တပ်ဆင်ထားသော လျှပ်စစ်ပိုင်းဆိုင်ရာများ စနစ်တကျရှိစေရေးအတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိအဆောင်၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ် (၆)စီးနှင့်အတူ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိ
ပခုက္ကူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးနှင့် ဒုရဲအုပ် ဝေလင်းဇော်ဦးတို့ ပူးပေါင်းအဖွဲ့သည် ခိုးမှုများဖော်ထုတ်ဖမ်းဆီးရမိရေး မြို့နယ်များရှိ ရဲစခန်းများနှင့် ချိတ်ဆက်ခြင်းကို မတ် ၃ ရက်တွင် အောင်လံမြို့ နယ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ လောင်လံမြို့နယ်၊ ပြလိုကျေးရွာတွင် ဖိုးခွား (ခ) မျိုးအာကာ၊ အောင်မျိုးသူ၊ ကျော်လင်းထက်တို့ (၃)ဦးအား ဟွန်ဒါကလစ် ၁၂၅ နီ/နက်ကြားရောင် ဆိုင်ကယ်(၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
သင်္ကြန်တွင်းတွင် ဦးပိန်တံတားသို့ လာရောက်လည်ပတ်သူများ အန္တရာယ် မဖြစ်စေရန် လုံခြုံရေး ၅၀ ကျော် ချထားမည်
မန္တလေးမြို့၊ အမရမြို့နယ်ရှိ ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဖြစ်သည့် ဦးပိန်တံတားသို့  မြန်မာ့အခါတော် သင်္ကြန်တွင်းတွင် လာရောက်လည်ပတ်သူများ ------