မြန်မာ့ဂေါ်ဖီထုတ်များ မြဝတီနယ်စပ်မှ တစ်ဆင့်ထိုင်းနိုင်ငံသို့ နေ့စဉ်တန်ချိန် ၁၅ဝ ခန့်တင်ပို့နေ

မြန်မာနိုင်ငံထွက် ဂေါ်ဖီထုတ်များအားမြဝတီ နယ်စပ်ဂိတ်မှတစ်ဆင့်ထိုင်းနိုင်ငံသို့ နေ့စဉ် တန်ချိန် ၁၅၀ ခန့် တင်ပို့နေကြောင်း မြဝတီမြို့ ဘုရင့်နောင်ဈေး ဟင်းသီးဟင်းရွက် ဈေးကွက်မှ သိရသည်။ 
မြိတ်မြို့နယ် ဆိပ်ကြီးပြင်ဆိပ်ကမ်းအနီးရေပြင်၌ ကျောက်ချရပ်နားထားသော သဲစုပ်လှေတစ်စီးရေဝင်နစ်မြှုပ်ရာမှ လူတစ်ဦးသေဆုံး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြင်းငယ်ကျေးရွာအုပ်စု၊ ဆိပ်ကြီးပြင်ဆိပ်ကမ်းအနီး ရေပြင်၌ မတ် ၁၇ ရက် နံနက် ၃ နာရီခန့်က ကျောက်ချရပ်နားထားသည့် သဲစုပ်လှေတစ်စီး ရေဝင်နစ်မြှုပ်မှု ဖြစ်ပွားခဲ့ရာလှေပေါ်ပါသူ သုံးဦးအနက် တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
အလောင်းတော်ကဿပ ဘုရားဖူးမှန်လုံတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွား ၅ ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် အလောင်းတော်ကဿပဘုရားသို့ ဘုရားဖူးလာမှန်လုံမော်တော်ယာဉ်တစ်စီး မတ် ၁၈ ရက်နေ့ နံနက် ၆ နာရီက ချောက်ထဲထိုး ကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။
မူဆယ်မြို့တွင် တောရိုင်းတိရစ္ဆာန် တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု လျော့ချရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအဖွဲ့) နှင့် သစ်တောဦးစီးဌာနပူးပေါင်းစီစဉ်သော တောရိုင်းတိရစ္ဆာန် တရားမဝင် သယ်ဆောင်ရောင်းဝယ် ဖောက်ကားမှု လျှော့ချရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို -----
မူဆယ်မြို့တွင် တောရိုင်းတိရစ္ဆာန်တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု လျော့ချရေးဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲကျင်းပ
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအဖွဲ့) နှင့် သစ်တောဦးစီးဌာနပူးပေါင်းစီစဉ်သော တောရိုင်းတိရစ္ဆာန် တရားမဝင် သယ်ဆောင်ရောင်းဝယ် ဖောက်ကားမှု လျှော့ချရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း အလုပ်ရုံးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ၁၀နာရီတွင် မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

၁၈ မတ်

နမ့်ခမ်းမြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ရောင်စုံဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပသည်။