ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ReCAP အဖွဲ့တို့ပူးပေါင်း၍ ယာဉ်သွားလာမှု နည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်းလက်စွဲစာအုပ်ထုတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ReCAP အဖွဲ့တို့ ပူးပေါင်း၍ ယာဉ်သွားလာမှုနည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်းလက်စွဲစာအုပ် ထုတ်လုပ်နိုင်ရေး (Development of a Design Manual for Low Volume Rural Roads) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။





