တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာဖြေဆိုမှုများ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လှည့်လည်ကြည့်ရှု

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပသည်။
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ကျင်းပ၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူ (၈၅၁၅၇၀)ဦး ဝင်ရောက်ဖြေဆို
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် စတင်ဖြေဆိုကြရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၅၁၅၇၀)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ရခိုင်ပြည်နယ်မှ ၄၂၄၁၆ ဦး ဝင်ရောက်ဖြေဆို
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို မြန်မာတစ်နိုင်ငံလုံးတွင် စတင်စစ်ဆေးရာ
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ထံ  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ (UN Women ) ဌာနေကိုယ်စားလှယ်က ခန့်အပ်လွှာပေးအပ်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမျိုးသမီးရေးရာအဖွဲ့ (UN Women )  ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူ Mr. Nicolas Burniat အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Zahairi Baharim တို့သည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံကြသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မတ် ၅ ရက် နံနက် ၉ နာရီက မူးယစ်တပ်ဖွဲ့စု(၃၅) မြိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေပေးရပ်ကွက်၊ ငြိမ်းချမ်းရေးလမ်းနေ ကျော်သူရ(ခ)သားပု၏ နေအိမ်ကို ရှာဖွေရာ  ဘိန်းစာမှုန့် ၁၈ ဒသမ ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 
EOI ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်
မြန်မာ - တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးအတွက် EOI (Expression of Interest) ခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။