ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာဖြေဆိုမှုအား ကြည့်ရှု့အားပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ကျွန်းလှ၌ အမျိုးသမီးများအလုပ်ကိုင်အခွင့်လမ်းရရှိမည့် ပလပ်စတစ်ခြင်းရက်သင်တန်း ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများ အလုပ်အကိုင် အခွင့်လမ်းရရှိမည့် ပလပ်စတစ် ခြင်းရက်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝးခန်းမ၌ ကျင်းပခဲ့သည်။
ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်းပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ ကိုယ်ပိုင် ဉာဏ်၊ ကိုယ်ပိုင်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေကြည်မြို့နယ်ရုံး၊ လူထုအခြေပြု Community Centre ၌ ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံများ တွေ့ဆုံပွဲပြုလုပ်
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် မိုးညှင်းမြို့နယ် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မိုးညှင်းမြို့ အောင်သပြေရပ်ကွက် မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုသောအားဖြင့် မှတ်တမ်းဓာတ်ပုံပြပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် မတ်လ ၈ ရက်၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော မှတ်တမ်းဓာတ်ပုံပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
စာမေးပွဲ ဖြေဆိုရန် ကျောင်းလွဲမှားရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာကျောင်းသို့ အချိန်မီရောက်ရှိရေး ကူညီပို့ဆောင်
ယနေ့နံနက်ပိုင်းမှ စတင်၍ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမှုများ စတင်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အ.ထ.က(၂) စမ်းချောင်းသို့ စာမေးပွဲဖြေဆိုရန် ကျောင်းလွဲမှား ရောက်ရှိလာသည့် ကျောင်းသားအား .......
မိတ္ထီလာတွင် မော်တော်ယာဉ်တိမ်းမှောက်၍ နှစ်ဦးဒဏ်ရာရ
မိတ္ထီလာမြို့နယ်၊ မုန်တိုင်ကျေးရွာအုပ်စု၊ လဲတောကျေးရွာအနီး မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းပေါ်ရှိ ကုက္ကိုချောင်း ချောင်းကူးတံတားအနီး ချောင်းထဲသို့ ယနေ့နံနက်က မော်တော်ယာဉ်တစ်စီး     တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။