မန္တလေး ကျုံးအရှေ့ဘက်ခြမ်းရှိ ပလက်ဖောင်းအဆင့်မြှင့်တင်ခြင်းကို သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်

မန္တလေးမြို့ ၆၆ လမ်း ကျုံးအရှေ့ဘက်ခြမ်းရှိ ပလပ်ဖောင်းအဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်လျှက်ရှိပြီး သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
ကျောက်ကြီးမြို့နယ်၌ မိုင်းကြောင့် ခြေထောက်စွန့်လွှတ်လိုက်ရသူများအား မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အသင်းခွဲငယ်ဖွဲ့စည်းပေး
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ ကော့ပြင်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး မင်းမြတ်ဘုန်း ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များl ကြက်ခြေနီ အသင်းတာဝန်ရှိသူများက မိုင်းကြောင့်ခြေထောက်စွန်လွတ်လိုက်ရသူများအား မသန်စွမ်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အသင်းခွဲငယ် ဖွဲ့စည်း ပေးခဲ့ကြောင်းသိရသည်။
ရွှေဘို-မြစ်ကြီးနားလမ်း နမ္မကျိုင်းကျေးရွာလမ်းဆုံနေရာမှ စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းမိ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းနမ္မကျိုင်းကျေးရွာသွား လမ်းဆုံနေရာတွင် -----
ရထားလမ်းစီမံကိန်း(၂)ခုတွင် အသုံးပြုခဲ့သော မြေယာ(၅၇၄.၂)ဧကအတွက် လျော်ကြေးငွေ ကျပ်သန်း ၁၇၀ဝ ကျော်ပေးအပ်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ဖြတ်သန်းဖောက်လုပ်ခဲ့သော ရထားလမ်း စီမံကိန်း(၂)ခုမှ အသုံးပြုခဲ့သည့် ဒေသခံပြည်သူများ၏ ယာမြေဧကပေါင်း(၅၇၄ ဒသမ ၂)ဧကအတွက် လျော်ကြေးငွေ ပေးအပ်ပွဲကို မင်းဘူးခရိုင် ၊အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ပြီး လျော်ကြေးငွေကျပ်(၁၇၇၉ ဒသမ ၁၅၉) သန်းအား နစ်နာခဲ့သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သမိုင်းဝင်ဆံတော်ရှင်ကျိုက်မက်ကော်စေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်များ စည်ကားသိုက်မြိုက်စွာကျင်းပ
သမိုင်းဝင်ဆံတော်ရှင် ကျိုက်မက်ကော်စေတီတော်မြတ်ကြီးတွင် (၈၂) ကြိမ်မြောက် ယင်္ဂဏပရိယတ္တိစာဖြေပွဲကြီး ----------
မန်ကျည်းသီးတက်ခူးစဉ် ဓာတ်လိုက်၍ မန်ကျည်းပင်ပေါ်မှ ပြုတ်ကျသေဆုံး
ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်တွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက ဟိုစဲ့မြို့သစ်၊ ရှမ်းပိုင်းရှိ လူမနေသည့်ခြံအတွင်း မန်ကျည်းပင်ပေါ်မှလူတစ်ဦး ပြုတ်ကျကြောင်း သတင်းအရ မယ်စဲ့မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသန်းအောင်နှင့် တပ်ဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
မြိတ်မြို့ ဆိပ်ငယ်ဗောတံတားအနီး ရေပြင်၌ ညအိပ်ရပ်နားထားသည့် ခရီးသည်တင် စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဆိပ်ငယ်ဗောတံတားအနီး ရေပြင်၌ ညအိပ်ကျောက်ချ ရပ်နားထားသည့် ---------