ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်းသင်တန်းဖွင့်ပွဲ တက်ရောက်

သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြင်ဦးလွင်မြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပမည်
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသားလူငယ်များအား စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန် ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်
ကယားပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာဗိမ္မာန်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ\ဆရာမများနှင့် ကျောင်းသား\ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဝန်ကြီးချုပ် ဦးမြတ်ကို ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများအတွက် မျိုးစပါး၊ မြေဩဇာများနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်
ကော့သောင်းခရိုင်‌၊ ကော့သောင်းမြို့နယ်ရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့် မိုးစပါးစိုက်အကျိုးဆောင် တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မျိုးစပါးများနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခွဲခန့်က ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းရွှေဈေး

ဟိုင်းကြီးကျွန်းမြို့၌ စားအုန်းဆီများ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများ လိုက်လံစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် စားအုန်းဆီများ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇွန်လပိုင်းထွက်ရှိသည့် အာလူး အရည်အသွေးပိုမိုကောင်းမွန်ပြီး စျေးကွက်အတွင်း ဝယ်အားတက်နေ
ဇွန်လပိုင်းထွက်ရှိသည့် အာလူးမှာ အရည်အသွေးပိုမိုကောင်းမွန်ပြီး စျေးကွက်ဝယ်လက် လိုအပ်ချက်အရ အရောင်းအဝယ်ဖြစ်နေကြောင်း နောင်တရား အာလူးအသင်း တာဝန်ရှိသူက ပြောကြားသည်။