ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဟင်္သာတခရိုင်အတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက်သို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် မွမ်းမံစက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီးသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွှန့်ဖေ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ စုပေါင်းရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ်ယာပင်လမ်းထောင့်သို့ သွား‌ရောက်၍ သစ်ယာပင်လမ်း၏ တောင်ဘက်တွင် ရေစုကန်ရေမြောင်း မြေထိန်းနံရံများ တည်ဆောက်ပြီးစီးမှုနှင့် ရေမြောင်းဘောင်ပေါ်တွင် သစ်ပင်များ စိုက်ပျိုးထားရှိမှု မြေယာရှုခင်းဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။