အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဒေသအတွင်း တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရေကန်များနှင့် ရှေးဟောင်းဇုန်အတွင်း ပါဝင်သည့်လမ်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ ၂၉

မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် လမ်းများကောင်းမွန်ရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် ကော်မတီဝင် ဦးအောင်နိုင်၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ကြားတောရလမ်းနှင့် ရေတာရှည်လမ်းဟောင်းထောင့်သို့ သွားရောက်၍ ကြားတောရလမ်းရေမြောင်းနှင့် ရေတာရှည်လမ်းရေမြောင်းများအတွင်း ပိတ်ဆို့နုန်းအမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်
မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုန်ရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာမည် ဖြစ်သည်။ မြစ်ရေတက်လာမှုပေါ် မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန် အမှတ်အသားများကို ပြသထားမည်ဖြစ်သည်။ ရာသီဥတုဒဏ်ကြောင့် ရေလမ်းညွှန် အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များ ဂရုပြုခုတ်မောင်းကြရန် လိုအပ်သည်။