ဗန်းမော်မြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လတ်တလော နေရပ်စွန့်ခွာအိမ်ထောင်စုများအား ရာသီသီးနှံများ ထောက်ပံ့
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဗန်းမော်မြို့ရှိ တစ်နိုင်တစ်ပိုင် ရာသီသီးနှံစိုက် တောင်သူများ၏ ထွက်ကုန်များကို ဝယ်ယူခဲ့ပြီး မန်စီမြို့နယ်မှ လတ်တလော အခြေအနေအရ နေရပ်စွန့်ခွာအိမ်ထောင်စုများအား ရာသီသီးနှံများ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ပေါက်ကုန်းရပ်ကွက်ရှိ သုခဝတီဘုန်းတော်ြကီး ကျောင်းနှင့် ဇေယျသုခဘုန်းတော်ကြီးကျောင်းတို့၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ဘက်စုံသုံးခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးမျိုးသွင်နှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်နွယ်ခက်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းအရာများ အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။
ဘားအံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ  ကြိုဆိုထောက်ခံပွဲကို ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပြည်သူ့စစ်မှုထမ်းဥပဒေ ထောက်ခံသူ ၅၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ