ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အများ အားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
အူရီဒူးမြန်မာက Supernet ဖိုင်ဘာအင်တာနက်ကွန်ရက်ကို ထပ်မံတိုးချဲ့
အူရီဒူးမြန်မာအနေဖြင့် ၎င်း၏ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုဖြစ်သည့် Supernet ဖိုင်ဘာကို မြန်မာနိုင်ငံတစ်ဝန်းတွင် ရရှိအသုံးပြုနိုင်ရန် ဝန်ဆောင်မှုများ တိုးချဲ့လျက်ရှိရာ ယခုတစ်ပတ်အတွင်း ရန်ကုန်နှင့် မန္တလေးရှိမြို့များအပြင် မြို့နယ်အသစ် ၂၇ မြို့သို့ ထပ်မံတိုးချဲ့၍ ဝန်ဆောင်မှုပေးအပ် လိုက်ခြင်းကြောင့် ယခုအခါ မြို့နယ်ပေါင်း ၆၅ ခုတွင် Supernet ဖိုင်ဘာအင်တာနက်ကို ရရှိ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ၂၀၂၂ အာဆီယံ ဖူဆယ်ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်
မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင် မှုများ ပြုလုပ်လျက်ရှိသည်။ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲကို ဧပြီ ၂ ရက်မှ ၁၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်သည်။
တယ်လီနောမြန်မာ ပိုင်ဆိုင်မှုပြောင်းလဲ၊ လုပ်ငန်းများအပြောင်းအလဲမရှိ ဆက်လက်လည်ပတ်မည်
မတ် ၂၅ ရက်မှစ၍ တယ်လီနောမြန်မာ၏ ပိုင်ဆိုင်မှုအားလုံးကို ပိုင်ရှင်အသစ်ထံသို့ အပြီးသတ် လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ပြီး တယ်လီနောမြန်မာသည် နော်ဝေအခြေစိုက် တယ်လီနောလုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်မရှိတော့ကြောင်း တယ်လီနောမြန်မာက မတ် ၂၅ ရက်က ထုတ်ပြန် ကြေညာသည်။
မြစ်ရေအခြေအနေ

ယနေ့ညနေအထိခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်
ယနေ့ညနေအထိခန့်မှန်းချက်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။