မိုးညှင်းမြို့နယ်  ဘီလူးမြို့၌ စစ်ကျန်ဗုံးသီးတစ်လုံးတွေ့ရှိ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဘီလူးမြို့မှ ပင်းဟဲကျေးရွာဘက်အထွက်၌ တံတား တည်ဆောက်ရေး လုပ်ငန်း‌ဆောင်ရွက်ရာတွင် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ဘက်ဟိုးဖြင့် မြေတူးဖော်ရာမှ စစ်ကျန်ဗုံးသီးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ သတင်းနှင့် သတင်းဆောင်းပါးဆုများ ချီးမြှင့်မည်
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အတွင်း ကျင့်ဝတ်နှင့်အညီ ရေးသားထားသည့် သတင်းစာ၊ ဂျာနယ်နှင့် သတင်းမီဒီယာ ကဏ္ဍအသီးသီးတွင် ဖော်ပြခဲ့သော သတင်း၊ သတင်းဆောင်းပါးများကို ရွေးချယ်ပြီး သတင်းသမားများ အတွက် သတင်း၊ သတင်းဆောင်းပါးဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင်ပြည်သူ များအား မြို့နယ်တိုက်ပွဲရှောင်ပြည်သူများ ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ကြီးကြပ် ရေးကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဇန်နဝါရီ ၂၈ ရက်က တောင်မြို့ရပ်ကွက်ရှိ ၂၅၀၀ ကျောင်းတိုက် တိုက်ပွဲရှောင်စခန်းနှင့် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုဘုရားကြီးဓမ္မာရုံ တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
မြစ်ရေအ‌ခြေအနေခန့်မှန်းချက်များ
ဖေဖော်ဝါရီလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့ တို့တွင် ပေဝက်မှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ(၁)ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်သည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ လပတ်အတွက် မိုးလေ၀သခန့်မှန်းချက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၁)ကြိမ် ဖြစ်ပေါ်နိုင် သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင် သည်။