ကနေဒါနိုင်ငံက နိုင်ငံတကာ ခရီးသွားတွေအား ဝင်ရောက်ခွင့် တားမြစ်ချက် သက်တမ်းတိုး

ကနေဒါနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် နိုင်ငံတကာ ခရီးသွားတွေအား ဝင်ရောက်ခွင့် တားမြစ်ချက်ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ တိုးမြှင့်ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးနေ့ဖြစ်လာ
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁,၈၂၀ ဦးရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာပါတယ်။
အမေရိကန်နိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း သေဆုံးသူ အရေအတွက်ထက် များသွားကြောင်း သိရ
အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ စစ်သည်အင်အားထက် များသွားကြောင်း သိရပါတယ်။
နိုင်ငံရပ်ခြားရှိ အင်ဒိုနီးရှား နိုင်ငံသား ၂၉၂၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
နိုင်ငံရပ်ခြားရှိ အင်ဒိုနီရှား နိုင်ငံသား ၈၈ ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသဖြင့် ရောဂါ ကူးစက်ခံရသူပေါင်း ၂၉၂၃ ဦးရှိလာကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ယနေ့ ပြောကြားချက်အရ သိရသည်။
တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့
တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည့် အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပြီး ------
နယူးယောက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ရဟတ်ယာဉ် ပျက်ကျမှုဖြစ်ပွား တပ်ဖွဲ့ဝင် သုံးဦး သေဆုံး
နယူးယောက် မြောက်ပိုင်းဒေသတွင် နယူးယောက် လက်နက်ကိုင် တပ်ဖွဲ့ လိုက်ပါလာသော ရဟတ်ယာဉ် တစ်စင်း ယမန်နေ့ ညနေပိုင်းက ပျက်ကျခဲ့ကြောင်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုက ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားခဲ့သည်။
ဘရာဇီးတွင် ဩဂုတ်လလယ်နောက်ပိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှု ဒုတိယ အများဆုံးနေ့ဖြစ်
ဘရာဇီးနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၃၄၀ ရှိသဖြင့် ဩဂုတ်လ ၁၉ ရက်နောက်ပိုင်း သေဆုံးမှု ဒုတိယ အများဆုံးနေ့ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။