ပျဉ်းမနားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ် အခြေခံပညာ မူလတန်းလွန်ကျောင်း ဘောဂဝတီ၌ ကျင်းပရာ အခမ်းအနားသို့ ပျဉ်းမနားမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းအုပ်ဆရာ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေးဒရဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံ ပညာအထက်ကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပခဲ့သည်။
ဇလွန်မြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၇ ရက် နံနက်ပိုင်းက အထက(၁)ဇလွန် အမျိုးသားကျောင်းဆောင်တွင် ပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဒုတိယနေ့ လက်ခံဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေ အရွယ် ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဒုတိယနေ့အဖြစ် ယနေ့ နံနက် ၉ နာရီမှစတင်၍  လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံ

ဘိုကလေးမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး စတင်ကျောင်းအပ် လက်ခံ